ကျိုက်မရော ဧပြီ ၂၃
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မိတ်ဆက်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွှေဟင်္သါ) ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း (ခ) ဦးထိန်လင်းက မိတ်ဆက်စကားပြောကြားရာ၌ ကျိုက်မရောမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းကာ ပြည်သူများ၏ လိုအပ်ချက်လိုလားချက်များကို အဓိကလုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်နှင့် ဦးသန်းဇော်တို့က မိတ်ဆက်စကားအသီးသီးပြောကြားကာ ဌာနဆိုင်ရာအကြီးအကဲများက တစ်ဦးချင်းမိတ်ဆက်ပြောကြားခဲ့ကြသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ မိတ်ဆက်စကားပြောကြားခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)