တွံတေး ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/မ ရက်ဖြန့်ဖြူးရောင်းချမှုနှင့် စီးပွားဖြစ်ဆီတန်းစီဝယ်ယူရောင်းချမှုများ မရှိစေရေးယာဥ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် လှိုင်သာယာ- တွံတေးကားလမ်းပေါ်ရှိ boc၊ တွံတေး-ဒလကားလမ်းဘေးရှိ ရွှေဗျိုင်းဖြူ၊ တွံတေး-ဒလကားလမ်း ဘုရားငုတ္တိုလမ်းဆုံရှိ MAX စက်သုံးဆီဆိုင်များ ဆီရောင်းချနေမှုအခြေအနေများ ဆီလှောင်ကန်များတွင် စက်သုံဆီကျန်ရှိမှုအခြေအနေနှင့် စက်သုံးဆီရောက်ရှိ/ဖြန့်ဖြူမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျဆောင်ရွက်စေရေး၊ သတ်မှတ်ရည်ညွန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊သိုလှောင်ရန်အတွက် ဝယ်ယူခြင်းများရှိပါက ရောင်းချမှုမ
ရှိစေရေးစသည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်