လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနား သုံးခွမြို့၌ ကျင်းပ

သုံးခွ ဧပြီ ၂၃

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် သုံးခွမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ မြို့/ရပ်ကွက် ကျေးရွာအုပ်စုကျေးရွာဖွဲ့စည်းမှု၊ အိမ်ခြေအိမ်ထောင်စုလူဦးရေ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ခန့်အပ်ပြီးစီးမှုအခြေအနေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံနှင့် အင်အားစာရင်းတို့အာ ပရိုဂျတ်တာဖြင့် ရှင်းလင်းပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သီဟ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်စုနှင့် ဦးလှဌေးတို့က အမှာစကားများ အသီးသီးပြော​ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ​လွှတ်တော်ကိုယ်စားလှယ်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)