ကျောက်တန်းမြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့တွင်သာသနာရေး ဦးစီးဌာနမှ ၁၃၈၅-ခုနှစ်၊ (၂၀၂၃)ခုနှစ်က ကျင်းပခဲ့သော ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော် အရှင်မြတ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ကျောက်တန်းမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဧပြီလ (၉) ရက်နေ့ နံနက် (၈) နာရီ အချိန် ကကျင်းပပြုလုပ်ခဲ့သည်။