သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက ဘုန်းတော်ကြီးကျောင်းများသို့ ရေအခမဲ့ ဆက်လက်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော ဆရာတော်သံဃာတော်များ ရေအခက်အခဲမရှိစေရန် လိုအပ်သည့်ကျောင်းများသို့ ရေဂါလံ ၁၂၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် ရေအမဲ့သွားရောက်လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၁ ရက်နံနက်က အမှတ်(၁)ရပ်ကွက် တောကျောင်းကြီးကျောင်းတိုက်၌ ရေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။