မိုးညိုမြို့နယ်ရှိ အခြေခံစာတတ်‌မြောက်ရေး စာသင်ဝိုင်းများသို့ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

မိုးညို ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် ဧပြီလ ၆ ရက်နေ့မှစတင်ကာ စာသင်ဝိုင်း (၂၁) ဝိုင်းဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများက စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါစာသင်ဝိုင်းများသို့ သာယာဝတီခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်း၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေး၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်‌တို့က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ စာသင်ဝိုင်းများတွင် သင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများနှင့်စာတတ်‌ မြောက်ရေးတက်ရောက်နေသူများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

စာတတ်မြောက်ရေးလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် စာသင်ဝိုင်း (၂၁) ဝိုင်းဖွင့်လှစ်၍ နည်းပြဆရာ၊ ဆရာမ(၂၁)ဦးက ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စုစုပေါင်း (၃၀၉)ဦးအား အခြေခံမြန်မာစာ၊ အခြေခံဂဏန်းသင်္ချာဘာသာ ရပ်တို့ကို နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီချိန်ထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)