ကျောက်တန်း ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့တွင်သာသနာရေး ဦးစီးဌာနမှ ၁၃၈၅-ခုနှစ်၊ (၂၀၂၃)ခုနှစ်က ကျင်းပခဲ့သော ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော် အရှင်မြတ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ကျောက်တန်းမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဧပြီလ (၉) ရက်နေ့ နံနက် (၈) နာရီ အချိန် ကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ တိုင်းသံဃဟာနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ(ဒွိပိဋကဓရ)အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသော ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားများ ရွတ်ပွားပူဇော်မှုကို နာယူပူဇော်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း ပထမလတ်တန်း ပထမကြီးတန်းတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်းသာမဏေ(၁၉)ပါး၊ သီလရှင်(၂၆)ပါး၊ လူပုဂ္ဂိုလ်ကိုယ်(၂)ဦးတို့အား စာအောင်စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ်များကို တာဝန်ရှိသူများမှ အသီးသီးဆက်ကပ်ခဲ့ကြပြီး ထပ်မံ၍ ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းထိုင်/ကျောင်းပိုင်ဆရာတော်များနှင့် သီလရှင်ဆရာကြီးဆရာလေးများမှ လှူဒါန်းငွေ (၇၅၀၀၀၀၀/)ကျပ် ခုနှစ်ဆယ်ငါးသိန်းကျပ်၊ ကျောက်
တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ အလှူရှင်များ ကုမ္ပဏီများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ လှူဒါန်းငွေ (၉၂၈၀၀၀၀)ကျပ် (ကိုးဆယ့်နှစ်သိန်းရှစ်သောင်း)ကျပ် စုစုပေါင်း လှူဒါန်းငွေ ကျယ်(၁၆၇)သိန်း(၈)သောင်းကျပ်တိတိနှင့် ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်ထိုင် ကျောင်ပိုင်ဆရာတော်များနှင့် သီလရှင် ဆရာကြီး ဆရာလေးများမှ လှူဒါန်းသော သင်္ကန်း(၁၉)ခြင်း သင်္ကန်း(၈၃)စုံ ဖိနပ်(၁၀)ရံ ထီး(၁၀)လတ်၊ သီလရှင်ဝတ်စုံ(၂၆)စုံတို့အား စာအောင်သံဃာတော်များနှင့် သီလရှင်များကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းသံဃဟာနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ(ဒွိပိဋကဓရ)အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃနာယကအဖွဲ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝါသေဌ(မဟာသဒ္ဓမ္မဇောတိကဓဇ) ကမာဆွဲကျောင်းနှင့် အဖွဲ့ဝင် ဆရာတော်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်း နှင့်အဖွဲ့ ဌာနဆိုင်ရာအကြီးအကဲများ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)