ကံမမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး  ယိမ်းအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်လျက်ရှိ

ကံမ ဧပြီ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်တွင် အလှည့်ကျ ဧည့်ခံဖျော်ဖြေကြမည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမနှင့် သက်ဆိုင်ရာ နေရာအသီးသီးတွင် ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ကံမမြို့နယ်တွင် ဧည့်ခံဖျော်ဖြေရေးနှင့်ဗဟိုရေကစားမဏ္ဍပ်ကို မြို့နယ်အားကစားကွင်းရှေ့ မျက်နှာစာ၌ ဆောက်လုပ်ထားရှိပြီး အဆိုပါရေကစားမဏ္ဍပ်၌ အကြိုနေ့ညနေပိုင်းဖွင့်ပွဲတွင် ယိမ်းအဖွဲ့များအားလုံး ပါဝင်တက်ရောက် ဖျော်ဖြေသွားမည်ဖြစ်သည်။  ဗဟိုရေကစားမဏ္ဍပ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၊ ဝန်ထမ်းပေါင်းစုံယိမ်းအဖွဲ့(၂)ဖွဲ့၊ ပညာရေးဌာနမှ ယိမ်းအဖွဲ့၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)အဖွဲ့၊ အမှတ်(၃)ရပ်ကွက် ယိမ်းအဖွဲ့နှင့် ဂျွန်းတောင်ကျေးရွာအုပ်စု ယိမ်းအဖွဲ့များအပြင် အဆိုအက တေးဂီတအဖွဲ့များဖြင့် သင်္ကြန်ကာလတွင် နေ့စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)