ကျောက်ဆည် ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် ပုဂ္ဂလိက ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရေကစားမဏ္ဍပ်များကို ကျောက်ဆည်မြို့ ဒေါ်သိုက်ကြီးကွေ့ ရန်ကုန်-မန္တလေးကားလမ်း မင်းရဲစိုက်ပျိုးရေပေး မြောင်းအနီးတွင် ဆောက်လုပ်လျက်ရှိကြောင်းနှင့် ဗဟိုရေကစားမဏ္ဍပ်သည် အလျား (၆၀) ပေ၊ အနံ (၃၅) ပေ၊ အမြင့် (၄) ပေ ရှိပြီး ခန့်ညားထည်ဝါသည့် နောက်ခံသင်္ကြန်ပုံရိပ်များနှင့် စာသားများပါသည့် အလျား (၆၀) ပေ၊ အနံ (၁၂) ပေ ဗွီနိုင်းနှင့်အတူ မဏ္ဍပ်နောက်ပိုင်းတွင် ဧည့်ခံဆိုင်ဝိုင်းနေရာ၊ ဆိုင်းဝိုင်းရှေ့တွင် ဖျော်ဖြေရေးနေရာ၊ ဘေး ဝဲ/ယာတွင် ဧည့်ခံနေရာများနှင့် ရေပတ်ခံနေရာများ ပါဝင်ကြောင်းနှင့် အမြင့် (၄) ပေ အလျား (၁၂) ပေ၊ အနံ (၆) ပေ ရှိသည့် ရေကစားစင်နှင့်အတူ တွဲဆက်ဆောက်လုပ်ထားကြောင်း သိရှိရသည့်အပြင် ပြည်သူများ လွတ်လပ် ပျော်ရွင်စွာ ရေကစားစေရေးအတွက် အရှည် (၉၅၀) ပေ၊ အကျယ် (၁၀) ပေ၊ အမြင့် (၉) ပေရှိ လမ်းလျောက်သင်္ကြန်မဏ္ဍပ် (၁) ခု၊ အလျား (၄၀) ပေ၊ အနံ (၁၀) ပေ၊ အမြင့် (၁၅) ပေ ပုဂ္ဂလိက ဧည့်ခံရေစကား မဏ္ဍပ်စင် (၆) ခု သီးခြား ဆောက်လုပ်ထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားစွာဖြင့် ရေကစားနိုင်ရေး ဗဟိုမဏ္ဍပ်တွင် စိန်ဝဏ္ဏဆိုင်းအဖွဲ့၊ ဗွီဒီယိုနှင့် MRTV-4 ရုပ်ရှင်သရုပ်ဆောင်မင်းသမီး အပန်းအိဒ္နြေထက်နှင့် အဆိုတော်များ ခေတ်ပေါ်သံစုံတီးဝိုင်းနှင့် တေးသီးချင်းများ သီဆိုပြီး တစ်တော့ဆယ်လီ ကျော်သီဟနှင့် DJ MOKKIS တို့နှင့်အတူ ယိမ်းအကအလှ လှပျိုဖြူများမှ ယိမ်းအကများ၊ တစ်ပင်တိုင် အကများဖြင့် ဧည်ခံသီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)