စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

စဉ့်ကူး ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလောင်စုံ ရေးသားသည့် “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကလောင်စုံ ရေးသားသည့် “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ယနေ့ခေတ် လူငယ်များအနေဖြင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို အလေးထားတန်ဖိုးထားရန် လိုအပ်ကြောင်း၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရန် ယဉ်ကျေးမှုစံနှုန်းကို မြှင့်ကြရမည်ဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် လူကြီးနေရာသို့ ရောက်လာလျှင် နိုင်ငံတော်၏အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ အမျိူးဘာသာ၊ သာသနာတိုးတက်ထွန်းကား အောင်မြင်အေးချမ်းမှုရရှိရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စသည့် အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)