ခမောက်ကြီး ဧပြီ ၁၁
အလွန်ပူပြင်းသောနွေရာသီအချိန်အခါတွင် မီးလောင်မှုလျော့နည်းစေရန်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ် 191 ပါရှိသည့် စတေကာများကပ်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးဖြိုးမင်းထိုက်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်လမ်းမကြီး၌ ခရီးသွားလာနေကြသူများနှင့် ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှထုတ်ဝေသည့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မော်တော်ဆိုင်ကယ်များ၊ ကားများ၊ ဘေးတွဲများ၊ စျေးများတွင် သဘာဝဘေး အန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ်( 191) စတေကာများ ကပ်နှိပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)