မော်လမြိုင်မြို့ မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် သံဃာတော် (၁,၅၁၂)ပါးအား ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ

မော်လမြိုင် ဧပြီ (၁၁)                                                     

မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် ရဟန်းသံဃာ (၁,၅၁၂)ပါး၊ ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်၊၊ ရှေးဦးစွာ အလှူရှင် ဦးသောင်းထွန်း၊ ဇနီးနန်းရို့စလင်းမိသားစုမှ ပင့်သံဃာရဟန်းနှင့် ရှင်သာမဏေများအား ဆွမ်းကပ်ခဲ့ကြကာ ကြွရောက်ချီးမြှင့်သော သံဃာတော်များမှ အန္တရာယ်ကင်း မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ကြပြီး နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ကြသည်၊၊ ဆက်လက်ပြီး ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ဘုရားရှိခိုးဖွင့်လှစ်ပြီး မြစေတီရဲကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ (၅)ပါးသီလခံယူ ဆောက်တည်ကြသည်၊၊

ထို့နောက် ဦးဆောင်ဆရာတော်ကြီး (၅)ပါးနှင့် ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူရှင်မိသားစုမှ လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းကြကာ မြစေတီရဲကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု (၃)ကြိမ်ရွက်ဆိုရုပ်သိမ်းခဲ့သည်၊၊ မွန်မင်းလမ်းအပန်းဖြေနားနေစခန်းမိသားစုမှ ကျောင်းတိုက်ပေါင်း (၅၂)ကျောင်းမှ ရဟန်းသံဃာ (၁.၅၁၂)ပါးအား နဝကမ္မဝတ္ထုငွေစုစုပေါင်း သိန်း (၁.၂၀၀)ကျော်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊

 ခရိုင်(ပြန်/ဆက်)