မောက်မယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် MSME ထုတ်ကုန်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

MSME ထုတ်ကုန်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မင်းလှမြို့နယ်တွင် ကျန်းမာသောလူနေမှုဘဝပုံစံဖြင့်နေထိုင်ရေး အသိပညာပေးဟောပြော ဆွေးနွေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ နွေရာသီ ကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသက်အုပ်စုအလိုက် ကျန်းမာရေး အသိပညာပေးဟောပြောပွဲများနှင့် ကျန်းမာသောလူမှုဘဝပုံစံဖြင့် နေထိုင်ရေးအသိပညာပေး ဟောပြာပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ပြုလုပ်ခဲ့သည်။

မိတ္ထီလာတွင် ရေမော်တာဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ်မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သာယာမြောက်ပိုင်းရပ်ကွက် ၂ လမ်းနှင့် ၃ လမ်းကြားရှိ လူနေအိမ်တွင် ၎င်းနေအိမ်မှ ရေမော်တာသို့သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ ထရံသို့ကူးစက်၍ လူနေအိမ်မီးလောင်မှု ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နာဂဒေသ၊ဒေသန္တရစီမံကိန်းရည်မှန်းချက်တာ၀န်ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂ‌ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင်၊ ဒေသန္တရစီမံကိန်းရည် မှန်းချက်တာ၀န်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွှဲ (၂)နာရီအချိန် လဟယ်မြို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရွှေတောင်မြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာ အခွင့်အလမ်းများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေး ကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက စက်မှု၊ စိုက်ပျိုးရေး မွေးမြူရေးအထက်တန်းကျောင်း၏ သင်ယူမှုဆိုင်ရာ အခွင့်အလမ်းများအားအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောင်စာရင်းများ ထုတ်ပြန်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိအခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန် ထားရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။

စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်   မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် စည်ပင်သာယာမြို့မစျေးအတွင်း ယမန်နေ့နံနက်ပိုင်း၉နာရီက ကြိုတင်လိုက်လံကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။

ကောသောင်းမြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာစာ သင်ဝိုင်းများတွင် သင်ကြားပေးလျက်ရှိ

ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ် အစိုးအရ အဖွဲ့များ ပူးပေါင်းကာ အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းမနေခဲ့ရသူများအတွက် အခြေခံစာ တတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  တနင်္သာရီတိုင်း ဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ နှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးနှင့်လူမှုဘဝမြင့်မားစေရေး ရည်ရွယ်၍ ရပ်ရွာလူမှုအခြေပြု၊လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ဝိုင်းများတွင် သင်ကြားပေး လျက်ရှိရာ ယနေ့တွင် မူလွန်(အေးရိပ်ငြိမ်) စာသင်ဝိုင်းတွင် စာသင်ကြားနေမှုအား ပညာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။
Subscribe to