ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် MSME ထုတ်ကုန်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဧပြီ ၂၇

MSME ထုတ်ကုန်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က MSME ထုတ်ကုန်ပြပွဲနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ သို့ဖြစ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျင်းပပြုလုပ်မည့် MSME ကုန်ထုတ်ပြပွဲကို အကျိုးရှိရှိ၊ အပြည့်အဝအသုံးချ၍ ပြည်သူလူထုကို အသိပညာပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ ဌာနအလိုက် ပြသမည့်အချက်အလက်များနှင့် အသိပညာပေးရမည့် အစီအမံများကို ရှင်းလင်းတင်ပြ ပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် စစ်ဗျူဟာ (ဟားခါးအခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်း တို့က MSME ထုတ်ကုန်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် MSME ထုတ်ကုန်ပြပွဲ ပြခန်းပြသမည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ပြပွဲ ပြခန်းများတွင် ပြသမည့်အချက်များ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

MSME ထုတ်ကုန်ပြပွဲ ပြခန်းပြသမည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေး ရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြုံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်မှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်တက်လမ်း