ပေါက်ခေါင်းမြို့နယ်၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား‌/ ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာနှင့် သစ်‌တောသစ်ပင်များအား စိုက်ပျိုးပြုစုထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသိပညာဟောပြောပွဲ ဆောင်ရွက်ခြင်းအစီအစဉ်ကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

နမ့်စန်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက နမ့်စန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းခတ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များအား ဝတ်စုံထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်လှုပ်ရှားမှုတွင် လိုက်ပါဆောင်ရွက်ကြသည့်အဖွဲ့ဝင်များအား ဝတ်စုံထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်ကန်မြို့၌ “ဝ”စာပေနှင့် ယဉ်ကျေးမှု သင်ယူနေသော ကျောင်းသား/သူများအား စာရေးကိရိယာ ထောက်ပံ့ခြင်းနှင့် အဟာရမုန့်၊ ရွှေရင်အေးများ လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် “ဝ”စာပေနှင့် ယဉ်ကျေးမှုသင်တန်း တက်ရောက်နေသော ကျောင်းသား/သူများကို ဌာနဆိုင်ရာနှင့် အလှူရှင်များ စုပေါင်း၍ အဟာရမုန့်နှင့် ရွှေရင်အေးတိုက်ကျွေးခြင်း၊ စာရေးကိရိယာများ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မန်ကန်မြို့၊ မြို့မဘုန်းတော်ကြီးကျောင်း၌ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နတ်မောက်မြို့ စည်ပင်သာယာရေးဈေးအတွင်း ကိုယ့်အားကိုယ်ကိုးဈေးလျှောက်လမ်းအမိုး တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့မဈေးအတွင်း ကိုယ့်အားကိုယ်ကိုးဈေးလျှောက်လမ်းအမိုး တည်ဆောက်နေမှုအခြေအနေအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေ (၆:၃၀)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ခြင်း၊ သစ်ပင်ပိခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ယမန်နေ့ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၂)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းသို့ ဗလာစာအုပ်များ လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းရှိ သင်တန်းသား/ သင်တန်းသူများအား မြို့နယ်ပညာရေးမှူး ဆရာမကြီးမှ ဗလာစာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာ၌ ကျွဲ ၊ နွားတိရိစ္ဆာန်များ ခွာနာလျှာနာ FMD ရောဂါ ထိန်းချုပ်ရန် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာ၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေပြည်တော်အတွင်းရှိ ကျွဲ၊ နွားတိရိစ္ဆာန်များ ခွာနာလျှာနာရောဂါ ထိန်းချုပ်နိုင်ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ Bow ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Bow ပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Subscribe to