ဇေယျာသီရိ ဧပြီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိအခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန် ထားရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။
ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၅၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း လေးကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်း စုစုပေါင်း ၆၃ တို့၌ အောင်စာရင်းများ ထုတ်ပြန် ထားရှိရာ “ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၆ နာရီအချိန်မှစပြီး မြို့နယ်အတွင်းမှာရှိတဲ့ အေခြခံပညာ ကျောင်းများမှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောင်စာရင်းများကို ထုတ်ပြန်ထားပါတယ်၊ ထုတ်ပြန်တဲ့ နေရာမှာ KG တန်းမှစပြီး Grade-11 ထိ ထုတ်ပြန်ကြေညာထားပါတယ်၊ တိုင်းစစ်၊ ခရိုင်စစ် ဖြေဆိုထား သည့် Grade-5 နဲ့ Grade-9 အတန်းများကိုလည်း အလားတူ ထုတ်ပြန်ကြေညာထားပါတယ်” ဟု ဒုတိယမြို့နယ်ပညာရေးမှူး ဦးငြိမ်းအေး၏ ပြောပြချက်အရ သိရသည်။
ထွန်းလင်း(ဇေယျာမြေ)