လှိုင်းဘွဲမြို့ မြို့ဟောင်းထန်းတစ်ပင် စေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်ရေး ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်း အနားကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ မြို့ဟောင်းထန်းတစ်ပင် စေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် အလှူငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့ဟောင်းထန်းတစ်ပင်ကျောင်း ဓမ္မာရုံ၌ ကျင်းပရာ လှိုင်းဘွဲမြို့မ ကျောင်းတိုက်အုပ်ဆရာတော် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တဣန္ဒာစာရ၊ လှိုင်းဘွဲမြို့နယ် အခြေချစစ်ဗျူဟာအဖွဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ဦးမြစိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင်လူကြီးများ တက်ရောက်ကြကြောင်း သိရသည်။