ပထမပြန်စာမေးပွဲနှင့် နိကယ်စာမေးပွဲတွင် အောင်မြင်တော်မှုသော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အလှူငွေများဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ်(၁၁)ရပ်ကွက် မဟာအတုလဝေယံသာသနာ့ဗိမာန်၌ ပထမပြန်စာမေးပွဲနှင့် နိကယ်စာမေးပွဲတွင် အောင်မြင်တော်မှုသော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အလှူငွေများဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်ချက်များ တာဝန်ပေးအပ်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတွင် ကရင်ပြည်နယ်၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၉၅၀ ဘီလီယံအကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၂ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားကြောင်း ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲမှ သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတပိုမိုရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ သုံးရက်အတွင်း ငါးပေခန့်မြင့်တက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် ဧပြီ ၇ ရက်၊ နံနက် ၆ နာရီခွဲ အချိန်မှ ဧပြီ ၉ ရက်၊ နံနက် ၆ နာရီခွဲအတွင်း ထူးခြားမြစ်ရေအခြေအနေဖြစ်ပေါ်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။

ကော့မှူးတွင် ပျော်ရွှင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပန်းအလှပြင်သင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မိုးကုတ်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာအသိပညာပေး အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာ အသိပညာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးခရိုင်တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Subscribe to