ကောသောင်းမြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာစာ သင်ဝိုင်းများတွင် သင်ကြားပေးလျက်ရှိ

ကော့သောင်း   ဧပြီ     ၂၇

ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ် အစိုးအရ အဖွဲ့များ ပူးပေါင်းကာ အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းမနေခဲ့ရသူများအတွက် အခြေခံစာ တတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  တနင်္သာရီတိုင်း ဒေသကြီး၊‌ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ နှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးနှင့်လူမှုဘဝမြင့်မားစေရေး ရည်ရွယ်၍ ရပ်ရွာလူမှုအခြေပြု၊လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ဝိုင်းများတွင် သင်ကြားပေး လျက်ရှိရာ ယနေ့တွင် မူလွန်(အေးရိပ်ငြိမ်) စာသင်ဝိုင်းတွင် စာသင်ကြားနေမှုအား ပညာရေးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ကော့သောင်းမြို့နယ် တွင် (၁၈)မိုင်ကျေးရွာတွင် စာသင်ဝိုင်း(၃)ဝိုင်း ၊(၂၂)မိုင် ကျေးရွာတွင် စာသင်ဝိုင်း(၃)ဝိုင်း၊ အေးရိပ်ငြိမ်ရပ်ကွက်တွင် စာသင်ဝိုင်း(၃)ဝိုင်း ၊ ပုလုံးတုံးတုံးရပ်ကွက်တွင် စာသင်ဝိုင်း(၃)ဝိုင်း၊ ဘန်းကချွန်ကျေးရွာတွင် စာသင်ဝိုင်း(၄)ဝိုင်း၊ချောင်းဝကျေးရွာတွင် စာသင်ဝိုင်း(၂)ဝိုင်း၊ တာညုံပါဒ ကျေးရွာတွင် စာသင်ဝိုင်း(၂)ဝိုင်းဖြင့် စာသင်ဝိုင်း(၂၀)ဝိုင်းရှိပြီး ကော့သောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် စာသင်သား( ၃၀၀)ဦးကို  နည်းပြ(၂၀)ဦး၊ ကြီးကြပ်(၂)ဦး တို့ဖြင့်  သင်ကြားလျက်ရှိပြီး မေလ(၁၅)ရက်နေ့အထိ ရက်ပေါင်း (၂၀) သက်ဆိုင်ရာ စာသင်ဝိုင်းများ၏ သတ်မှတ် စာသင်ချိန်များတွင်  စုစုပေါင်းနာရီ(၁၂၀)ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများအခြေခံ စာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများကို  ဖွင့်လှစ်သင်ကြား ပေးရာတွင် အသက်(၁၅)နှစ်အထက် လူငယ်နှင့်သက်ကြီးပိုင်း အရွယ်စာမတတ်သူများ အရေးအဖတ် ပညာသင်ကြားခြင်း နှင့်အတူ  စာသင်သားများအတွက်လူမှုဘဝမြင့်မားစေရေး အသိပညာဖြန့်ဝေမှု အစီအစဉ်အနေဖြင့် သင်ကြားပေးခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)