၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နာဂဒေသ၊ဒေသန္တရစီမံကိန်းရည်မှန်းချက်တာ၀န်ပေးအပ်ပွဲကျင်းပ

လဟယ်   ဧပြီ    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး နာဂ‌ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာ၀န်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွှဲ (၂)နာရီအချိန် လဟယ်မြို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း ကအဖွင့်အမှာစကားပြော ကြားပါသည်။ ထို့နောက်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံကိန်းဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ရီရီပြုံး က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နာဂဒေသ၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နာဂဒေသ၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာ၀န်များ ပေးအပ်ခဲ့ရာ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းတာ၀န်များကို သက်ဆိုင်ရာမြို့နယ်တာ၀န်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ရာသက်ဆိုင် ဌာနတာ၀န်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြောင်းသိရသည်။

အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာ၀န်များပေးအပ်ပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကို နှင့်စီမံအဖွဲ့၀င်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များ၊ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင် ရာများတက်ရောက်ခဲ့ကြောင်းသိရသည်။

(မြို့နယ်ပြန်ဆက်)