လဟယ် ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်ပြည်သူများစုပေါင်း၍ မြို့တွင်းသန့်ရှင်း သာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန် လဟယ်မြို့ အထက်တန်းကျောင်း၀န်းနှင့် နာဂရိုးရာခန်းမ ပတ်လည်တို့တွင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ ဒေသအတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များကသွားရောက်ကြည့်ရှုပြီးအနီးကပ် ကြီးကြပ်၍ဆောင်ရွက်ခဲ့ပြီးခဲ့ကြောင်းသိရသည်။
ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း နှင့်အဖွဲ့သည် လဟယ်မြို့ အ၀င် ကြိုဆိုပါ၏ အ၀င်မုခ်ဦး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များပေါင်း စပ်ညှိနှိုင်းပေးပါသည်။ ၎င်းနောက် လဟယ်မြို့စည်ပင်သာယာရေးရုံးရှေ့တွင်အများ ပြည်သူ အပန်းဖြေအနားယူရန် မိုးဒန်းကန်ဘောင် ဖော်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လဟယ်မြို့ အသေးစား ဟွေထိုက်ရေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာ၀န်ရှိသူများအား လိုအပ်သည်များမှာ ကြားခဲ့ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)