ပြင်ဦးလွင်မြို့ ရှင်မဿဲမိဘမဲ့ကလေးများဂေဟာတွင်  အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရှင်မဿဲမိဘမဲ့ကလေးများဂေဟာတွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုတော်မူကြမည့် စာဖြေသံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့သည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၊ ပဲခူးမြို့နယ်စာဖြေဌာနရှိ ပထမကြီးတန်းဖြေဆိုတော်မူကြမည့် စာဖြေသံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေသနေပြည်သူများ သဘာဝပတ်ဝန်း ကျင်ပျက်စီးမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများကို သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးဝမြို့တွင် ဒုတိယအကြိမ် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အထွထွေအုပ်ချုပ်ရေဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ဒုတိယအကြိမ် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီမြို့နယ် Community Centre အတွင်း နွေရာသီပန်းချီအခြေခံ(မွမ်းမံ)သင်တန်း ဖွင့်လှစ်

ရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသူ/သားများ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကိုအခြေခံပြီး ဖြတ်ထိုးဉာဏ် ရင့်သန်လာစေရန်၊ လူငယ်များအချင်းချင်း အပြန်အလှန်ပေါင်းသင်းဆက်ဆံတတ်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီပန်းချီအခြေခံ(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ညောင်ဦးခရိုင်တွင် အခြေခံစာကြည့်တိုက်ပညာ ဆက်လက်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံစာကြည့်တိုက်ပညာသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကျောက်ဆည်မြို့တွင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက် ဦးနိုင်လင်းဇော် ငှားရမ်းထားသော RC(၂)ထပ် အဆောက်အအုံအောက်ထပ်တွင် ယမန်နေ့ ည(၉)နာရီချိန်ခန့်က မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့၌ လူနေအိမ် (၄) လုံး မီးလောင်မှုဖြစ်ပွား၊ မီးဘေးသင့်အိမ်ထောင်စုများအား ချင်းပြည်နယ်အစိုးရနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှထောက်ပံ့

ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်၌ ယမန်နေ့ နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် (၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရ သည်။

နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား စစ်တွေမြို့တွင် ကျင်းပ

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ်သို့ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ဝင်ဆရာတော်များ ကြွရောက်

နိုင်ငံတော်အဆင့် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်သို့ ကြွရောက်လာပြီး ယမန်နေ့တွင် ထေရဝါဒဗုဒ္ဓသာသနာပြုဌာနများအား ကြွရောက်လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to