နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့ သရုပ်ပြ

မန္တလေး ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)တွင်  မီးဘေးအန္တရာယ် ကျရောက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက အဆိုပါ တက္ကသိုလ်တွင်း၌ မီးဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းသိန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇေကိုကိုပိုင်က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးခကပ်၊ ရေသိုလှောင်ကန်အကြောင်းများ၊ မီးလောင်မှုဖြစ်စဥ်များနှင့် မီးအတန်းအစားများ၊ လျှပ်စစ်မီးအန္တရာယ်၊ မီးငြှိမ်းသတ်ရေး နည်းလမ်းများနှင့် မီးသတ်ပစ္စည်းများ အသုံးပြုပုံ စသည်တို့အား ဟောပြောခဲ့ပြီး၊ ရုံးဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်မှုများကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အသိပညာဟောပြော သရုပ်ပြပွဲတွင် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အရာရှိ၊ အရာထမ်း၊ စာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဒုတိယဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်