တံတားဦး ဧပြီ ၁၀
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်ကို ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းမှစတင်၍ တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားနီးတွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၅-ခုနှစ် နှစ်ဟောင်းမှ ၁၃၈၆-ခုနှစ် နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွဦ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ညနေ (၄)အချိန်တွင် မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး သင်္ကြန်အကျနေ့၊ သင်္ကြန် အတတ်နေ့အထိ နေ့စဉ်နံနက် (၈) နာရီမှ (၁၁) နာရီအထိ ညနေ (၄) နာရီမှ (၆) နာရီအထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ယိမ်းပျိုဖြူ(၁)ဖွဲ့၊ ပညာရေးဌာနမှ ယိမ်းပျိုဖြူ(၂)ဖွဲ့၊ မြို့ပေါ်ရပ်ကွက် အမှတ် (၁၊ ၂၊ ၃ ) တို့မှ တစ်ရပ်ကွက်လျှင် ယိမ်းပျိူဖြူ(၁)ဖွဲ့နှုန်းဖြင့် ယိမ်းပျိုဖြူ(၃)ဖွဲ့ စုစုပေါင်း ယိမ်းပျိုဖြူ(၆) ဖွဲ့တို့ဖြင့် ကပြဧည့်ခံဖျော်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမိုး(ပြန်/ဆက်)