မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ ဧပြီ ၁၀

၂၀၂၄ ခုနှစ်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား/အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း  အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အမှတ်ပေးဒိုင်များနှင့် တာဝန်ရှိသူများ၊ ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲတွင် မဟာအောင်မြေခရိုင်အသင်းနှင့် ပြင်ဦးလွင်ခရိုင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြပြီး ပြင်ဦးလွင်ခရိုင်အသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

၎င်းနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားပထမတံခွန်စိုက်ဆုဖလားရရှိသော ပြင်ဦးလွင်ခရိုင်အသင်းနှင့် အမျိုးသမီးပထမတံခွန်စိုက် ဆုဖလားရရှိသော မဟာအောင်မြေခရိုင်အသင်းတို့အား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသော အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်းကောင်း၊ အကောင်း ဆုံးအားကစားသမားဆုများကိုလည်းကောင်း အသီးသီးချီးမြှင့်ပြီး စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်