ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဧပြီလ ၂၈ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်က ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မလှိုင်မြို့နယ်၌ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပူးပေါင်း၍ ပဋိဇီဝဆေးယဉ်ပါးမှုကာကွယ်ရန်အတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်လတ်နှင့်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ရဲဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က မလှိုင်မြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားရောင်းချသည့် ဆေးဆိုင် (၈) ဆိုင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်အမှတ် (၁၂) ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ် (၁၂) ရပ်ကွက် မဥ္ဇူသကလမ်းနှင့် ဗေဒါလမ်းထောင့်ရှိ အကွက်အမှတ် (၁၀၁၀၊ ၁၀၁၁၊ ၁၀၁၂) ရှိ အကျယ် ၁၂၀×၆၀ ပေ မြေကွက်ပေါ်ရှိ ၁၀×၁၄ ပေ သွပ်မိုးထရံကာဝါးခင်းလူနေအိမ် (၂၆) လုံး ယမန်‌နေ့ မွန်းတည့် (၁၂) နာရီတွင် အိမ်တွင်းဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများဖြင့် သွယ်တန်းထားသော ပလပ်ခုံတွင် လူစောင့်မရှိဘဲ (၃) မိနစ်ရေနွေးအိုး တည်ထားရာမှ အပူလွန်ကဲ၍ အနီးရှိထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မက်မန်းမြို့နယ်ရှိ ကျေးရွာများတွင် သွားရောက်ဖြန့်ဝေခဲ့သည်။

၂၀၂၄ ခုနှစ်၊ တောင်ကြီး လူရည်ချွန်စခန်းမောင်မယ်များအား ကြိုဆိုဂုဏ်ပြုညစာစားပွဲ ကျင်းပ

၂၀၂၄ခုနှစ်၊ တောင်ကြီးလူရည်ချွန်စခန်းမောင်မယ်များအား ကြိုဆိုဂုဏ်ပြုညစာစားပွဲကို ဧပြီ (၂၈) ရက် ည (၇) နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ အပတ်စဉ် (၂၈) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အပတ်စဉ် (၂၈) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့က သူနာပြု/သားဖွားသင်တန်းကျောင်း (ကျိုင်းတုံ) တွင် ကျင်းပသည်။

သီပေါမြို့နယ်တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး  အသိပညာပေးဆွေးနွေပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ပျိုးထားသော စံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် နမ့်တော်ကျေးရွာတွင် တောင်သူ ဦးကျခူး စိုက်ပျိုးထားသော စံပြလက်ဖက်စိုက်ခင်းနှင့် ကော်ဖီစိုက်ခင်းအား မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ငဖဲမြို့နယ် ဇီးတောကျေးရွာတွင် (၁၃)ကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဇီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှ ကြီးမှူး၍ လူငယ်လူရွယ်များ ယဉ်ကျေးလိမ္မာမှုရှိစေရန်၊ ဘာသာရေးအသိဉာဏ်ဗဟုသုတတိုးပွားစေရန်နှင့် ဘာသာသာသနာနှင့် ထိတွေ့နီးစပ်မှုရရှိစေရန် ရည်ရွယ်၍ (၁၃)ကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းကို ဧပြီလ ၂၈ ရက် နေ့မှစ၍ အဆိုပါကျောင်းတိုက်တွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မြင့်တက်လာသည့် အပူဒဏ်ကာကွယ်နိုင်ရန် မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဒေသခံပြည်သူများအတွက် အပူရှောင်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ရက်ပိုင်းအတွင်း မြင့်တက်လာသည့်အပူရှိန်ကြောင့် မြို့ပေါ်ရပ်ကွက်အသီးသီးမှ သက်ကြီးရွယ်အိုများနှင့် ဒေသခံပြည်သူများ အပူဒဏ်ကာကွယ်နိုင်ရန်အတွက် ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နားနေဆောင်များ၊ ရိပ်သာများတွင် အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to