ရွှေပြည်သာမြို့နယ်အမှတ် (၁၂) ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ရွှေပြည်သာ ဧပြီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ် (၁၂) ရပ်ကွက် မဥ္ဇူသကလမ်းနှင့် ဗေဒါလမ်းထောင့်ရှိ အကွက်အမှတ် (၁၀၁၀၊ ၁၀၁၁၊ ၁၀၁၂) ရှိ အကျယ် ၁၂၀×၆၀ ပေ မြေကွက်ပေါ်ရှိ ၁၀×၁၄ ပေ သွပ်မိုးထရံကာဝါးခင်းလူနေအိမ် (၂၆) လုံး ယမန်‌နေ့ မွန်းတည့် (၁၂) နာရီတွင် အိမ်တွင်းဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများဖြင့် သွယ်တန်းထားသော ပလပ်ခုံတွင် လူစောင့်မရှိဘဲ (၃) မိနစ်ရေနွေးအိုး တည်ထားရာမှ အပူလွန်ကဲ၍ အနီးရှိထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် (၈) စီး၊ ရေသယ်ယာဉ် (၇) စီး၊အုပ်ချုပ်မှုယာဉ် (၁) စီး၊ သန္ဓေမီးသတ် (၈၅) ဦး၊ အရန်မီးသတ် (၅၅)ဦးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ (၁၂) နာရီ (၃၃) မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ၁၀×၁၄ ပေ လူနေအိမ် (၂၆) လုံးနှင့် ပစ္စည်များမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် အိမ်ပိုင်ရှင်အား ပ (၂၅၃/၂၀၂၄) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၈၅) အရ အရေးယူဆောင်ရွက်ထားကြောင်းသိရပြီး မီးဘေးသင့်‌အိမ်ထောင်(၂၆)စုအား မဇ္ဈိမလမ်းရှိ ရွှေပြည်သာရွာမဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)