ကျိုင်းတုံမြို့၌ အပတ်စဉ် (၂၈) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ ဧပြီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အပတ်စဉ် (၂၈) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့က သူနာပြု/သားဖွားသင်တန်းကျောင်း (ကျိုင်းတုံ) တွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး က အမှာစကားပြောကြားပြီး အပတ်စဉ်(၂၈) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/ သင်တန်းသူများ ၆၁ ဦးအား တာဝန်ရှိသူများက ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးအပ်ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)