ဗန်းမောက်မြို့၌ စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့်အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။