သီပေါ ဧပြီ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေနွေးပွဲ ပြုလုပ်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဦးမျိုးပိုင်သက်က အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအား အရေးပေါ်ပြုစုစောင့်ရှောက်ရမည့်အချက်များစသည်တို့ကို ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)