၂၀၂၄ ခုနှစ်၊ တောင်ကြီး လူရည်ချွန်စခန်းမောင်မယ်များအား ကြိုဆိုဂုဏ်ပြုညစာစားပွဲ ကျင်းပ

တောင်ကြီး ဧပြီ ၃၀

၂၀၂၄ခုနှစ်၊ တောင်ကြီးလူရည်ချွန်စခန်းမောင်မယ်များအား ကြိုဆိုဂုဏ်ပြုညစာစားပွဲကို ဧပြီ (၂၈) ရက် ည (၇) နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။

ညစာစားပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ပေးကြပြီး တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်များမှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုရဲ့ ထာဝရအလှ၊ ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်း ဧည့်ခံကျွေးမွေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေတင်ဆက်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရပန်းခြင်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)