ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါ ဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ယနေ့နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေနံနက်ပိုင်းက ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ ပုံပြော၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပုံပြော၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။ 

မီတ္ထီလာမြို့နယ် တောင်ဖီလာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ခင်တဲကျေးရွာအုပ်စု တောင်ဖီလာကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် ဧပြီလတွင် ကြရောက်မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ရိုးရာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့က ကြာကန်ကျေးရွာ၊ ဇီးချိုင်ကျေးရွာနှင့် မဲခရဲကျေးရွာတို့တွင် ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

နတ်တလင်းမြို့နယ်တွင် မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သော ကွန်ပျူတာအခြေခံသင်တန်း ( ၂/၂၀၂၄) ဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့်ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ ကျွမ်းကျင်တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံ သင်တန်း အမှတ်စဥ် (၂/၂၀၂၄) ဆင်းပွဲကို ဧပြီ ၁၀ ရက်မွန်းလွဲ ၁၂ နာရီခွဲက လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
Subscribe to