ပြင်ဦးလွင် ဧပြီ ၃၀
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဧပြီလ ၂၈ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်က ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် ယာယီဥက္ကဋ္ဌ ဦးအောင်သင်းက အဖွင့်အမှာစကားပြောကြားပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ပြင်ဦးလွင်ခရိုင်ယာယီတာ၀န်ခံ ဦးဇော်မင်းသိန်းက ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြင်ဦးလွင်ခရိုင် ဗမာလူမျိုးစာပေနှင့် ယဉ်ကျေးမှုအသင်းအလုပ်အမှုဆောင်အဖွဲ့ကို မဲစနစ်ဖြင့်ဖွဲ့စည်းခဲ့ကြသည်။
ဆက်လက်၍ ဥက္ကဋ္ဌအသစ် ဦးအောင်သင်းက အသင်းမှဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)