ဇေယျာသီရိမြို့နယ် စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာန၌ မတ်လအတွင်း ပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာနတွင် မတ်လအတွင်း စုစုပေါင်း ပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အင်္ဂလိပ်စာ Grammar အခမဲ့ သင်တန်းဆင်းပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာ Grammar အခမဲ့သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၁ ရက်နေ့မှစ၍ လက်ပံတန်းမြို့နယ်အတွင်း မီးလောင်မှုများ လျော့နည်းစေရန်အတွက် မီးသတိမူရေးလှည့်လည်ဆော်သြခြင်း၊ စျေးအတွင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီး မဟာသင်္ကြန်ကာလအတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်များထောက်ပံ့

မဟာသင်္ကြန် နှစ်သစ်ကူးကာလအတွင်း ကချင်ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြား‌ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့တွင် နွေစပါးလျာထားချက် (၁၂၈၉၄)ဧက စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက(၁၂၈၉၄)ဧကရှိရာ ဆည်ရေ၊ တမံပိတ်၊ ရေတံခါး၊ အင်းရေတင်တို့မှ ရရှိသော စိုက်ပျိုးရေဖြင့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသည့် "သေသော်မတည့်သြော်ကောင်း၏" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။

ကျွဲပွဲမြို့ စည်ပင်သာယာဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့စည်ပင်သာယာဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ဈေးကြီးရှေ့၌ မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသခြင်းနှင့်‌ ဈေးသူဈေးသားများအား ပြည်သူ့စစ်မှုထမ်းဥပဒေ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာ သုံးလစာအား ထောက်ပံ့လှူဒါန်း

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စုအတွင်း နယ်မြေဒေသအခြေအနေအရ ယာယီတိမ်းရှောင်လာသည့် နေရပ်စွန့်ခွာပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ဦးလျှင် တစ်ရက်ဆန်နှစ်ဗူးနှုန်းဖြင့် သုံးလစာအတွက် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ထောက်ပံ့ပေးအပ်သည်။

တပ်ကုန်းမြို့၌ မဟာသင်္ကြန်အကြိုအထိမ်းအမှတ် ပန်းချီနှင့် ယိမ်းအကပြိုင်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မဟာသင်္ကြန်အကြိုအထိမ်းအမှတ် ပန်းချီနှင့် ယိမ်းအကပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။ 
Subscribe to