ရေတာရှည် ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာအုပ်စုအတွင်း နယ်မြေဒေသအခြေအနေအရ ယာယီတိမ်းရှောင်လာသည့် နေရပ်စွန့်ခွာပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တစ်ဦးလျှင် တစ်ရက်ဆန်နှစ်ဗူးနှုန်းဖြင့် သုံးလစာအတွက် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာ ရေတာရှည်မြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာရောက်ရှိလာသည့် အိမ်ထောင်စု(၃၈)အုပ်စု၊ အမျိုးသား(၅၅)ဦး၊ အမျိုးသမီး(၁၀၀)ဦး စုစုပေါင်း ၁၅၅ ဦးအား တစ်ဦးလျှင် တစ်ရက်ဆန်နှစ်ဗူးနှုန်းဖြင့် ဆန်ရိက္ခာ (၃) လစာအတွက် ဆန်အိတ် ၁၄၅ အိတ် ၊ ၇ ပြည်၊ ၄ ဗူးကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ လက်ခံရယူပြီး သက်ဆိုင်ရာတိုက်ပွဲရှောင်ပြည်သူများ၏ လက်ဝယ်သို့ ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)