ငပုတောမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

နာဂဒေသ လဟယ်မြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်း (၁၆)နာရီအချိန်က လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

မတ္တရာမြို့နယ်၌ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက် သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် အသံမစဲပဌာန်းကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ (၁၂၆) ရက်တိုင်တိုင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်က ဗိုလ်တထောင်မြို့နယ် ရဲရိပ်သာရပ်ကွက်တွင် တည်ထားကိုးကွယ်သော ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီးတွင် အသံမစဲမဟာပဌာန်းကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များ‌နှင့် ပြည်သူများ၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ဧပြီလ ၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် သရက္ကန်မြောက်ကျေးရွာအုပ်စု မင်းကန်ကျေးရွာမှနေအိမ်များ ပျက်စီးဆုံးရှုံးမှုများ၊ ဒဏ်ရာရရှိသူနှင့် သေဆုံးသူမှုများအတွက် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် အုန်းလက်ရေကစားမဏ္ဍပ်ငယ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဘားအံမြို့ရှိ ယာယီနေရပ်စွန့်ခွာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေး ​

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ  ဘာသာရေးအဆောက်အအုံနှင့် ဆွေမျိုးများနေအိမ်သို့  ယာယီပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများကို ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်-၃ ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်များ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၅၁) ရပ်ကွက်၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်‌ရေးကတ်များ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
Subscribe to