ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲ အောင်မြင်စွာပြီးမြောက်၍ မဏ္ဍပ်များ စတင်ဖျက်သိမ်းနေခြင်းအား ဌာနဆိုင်ရာ ဝန်ထမ်းများမှ စု​ပေါင်းလုပ်အားပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ယနေ့နံနက်(၇)နာရီက စတင်၍ ဗဟိုမဏ္ဍိပ်ကြီးနှင့် မဏ္ဍပ်ငယ် စုစုပေါင်း (၁၄)လုံးအား ပြန်လည်ဖျက်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ အခမဲ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းမှ သစ်ဆိမ့်ကုန်း အုပ်စု၊ ချောင်းဝကျေးရွာနေ ပြည်သူများသောက်သုံးရေရရှိရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက ရေပေးဝေပေးခဲ့ကြသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး အခြေခံစာကြည်တိုက်ပညာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်(၁၀)နာရီခွဲက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြ ဆရာ၊ ဆရာမများ တတ်ရောက်ခဲ့ကြသည်။

ငပုတောမြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်စေရေးအတွက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီလ ၈ ရက်နေ့မှ စတင်၍ ငပုတောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်သင်ကြား‌ပေးခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာအခြေခံသင်တန်း (၂/၂၀၂၄)ဆင်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။

ပေါက်မြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show) ကျင်းပ

ပေါက်မြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show) ကျင်းပ ပေါက် ဧပြီ ၁၂ မြို့နယ်(ပြန်/ဆက်)

စစ်ကိုင်းမြို့တွင် ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား တတိယအသုတ်ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူခဲ့သည့်အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီတိုက်ပွဲရှောင် နေရပ် စွန့်ခွာသူများအား ဆန်ရိက္ခာဆက်လက်ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ(၁၂)ရက်၊ နံနက်(၉)နာရီက စ၍ ပါရမီ၊ ပတ္တမြား၊ ရွာထောင် ရပ်ကွက်များတွင် ပေးအပ်ခဲ့သည်။
Subscribe to