မော်လမြိုင်ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အသီးသီးတွင် သင်္ကြန်အကျနေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ယမန်နေ့တွင် ရွှေဝင်းဝါဖူးရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တို့သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ မွန်ပြည်နယ်ဗဟိုမဏ္ဍပ်တွင် ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ရေကစားခြင်း၊ အများပြည်သူများ ရေပက်ခံထွက်ခြင်းများ၊ လှပျိုဖြူလေးများ၏ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုများ၊ ခေတ်ပေါ်တေးဂီတ ဝိုင်းတော်သားများနှင့် တေးသံရှင်များ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး အတာရေစင်အမွှေးနံသာရေများကို သပြေခတ်ဖြင့် ပက်ဖျန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
အလားတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်အကျနေ့ကို ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ရေကစားခြင်း၊ အများပြည်သူများ ရေပက်ခံထွက်ခြင်းများ၊ စတုဒိတာကျွေးမွေးခြင်းများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)