ထန်ပါခွေ ဧပြီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၅ နာရီအချိန်က မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အနေဖြင့် “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ဌာနဆိုင်ရာအရာရှိများ၊ ဝန်ထမ်းများက ဖျော်ဖြေပြီး၊ သင်္ကြန်ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဥ်များဖြင့် တင်ဆက်ကပြခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုရာယဥ်ကျေးမှုနှင့်အညီ မဟာအတာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဌာနဆိုင်ရာအကအဖွဲ့များ၊ ထန်ပါခွေမြို့ အကအဖွဲ့များက ယိမ်းအကများ၊ သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ သာကူ၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကြက်သားဆန်ပြုပ် စသည့် စတုဒိတာကျွေးမွေးခြင်းများ ဆောင်ရွက်သွားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလန် (ထန်ပါခွေ)