မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

မန္တလေး ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများကို ပျော်ဘွယ်မြို့တွင် အသက်(၇၀)နှစ်အထက် သက်ကြီးဘိုးဘွား (၁၂၇)ဦးအား ဆေးဝါး၊ အသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း သာစည်မြို့တွင် အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃၅ ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ စီကိုလည်းကောင်း၊ မလှိုင်မြို့နယ်တွင် သက်ကြီးအဘိုး၊ အဘွား (၅၉)ဦးတို့အား အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။

ငါးလွှတ်ပွဲများကို သာစည်မြို့တွင် မင်းလှကန်အတွင်းသို့ ငါးသားပေါက်မျိုးစုံ ကောင်ရေ (၁၁၀၀၀)ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြန်/ဆက်