လေးမျက်နှာမြို့တွင် ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ

လေးမျက်နှာ ဧပြီ ၁၈

ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုအုပ်စု၊ ခမောက်စုကျေးရွာတွင် ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင်မာင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်မှူးကြီး မိုးမင်းနိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်တို့မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ (၂၇၄.၂)ကျပ်သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သာ လမ်းအကျယ် ၁၂ ပေ၊ ထု ၉ လက်မ၊ ၁/၆.၅၈၆ မိုင်ရှည်သော ခမောက်စု-နွယ်နီရိုး‌ ကျေးလက်လမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့အား လာရောက်ကြိုဆိုဖျော်ဖြေကြသော အိုးစည်ဝိုင်းများ၊ ဒုံးယိမ်းအကများအား ‌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆုများချီးမြှင့်ပေးခဲ့သည်။ အစီအစဉ်အရ ဝန်ကြီးချုပ်နှင့် အဖွဲ့တို့အား ဖွင့်ပွဲအမှတ်တရ ဓာက်ပုံရိုက်ကူးပြီး အခမ်းအနားပြီးဆုံးကြောင်း ကြေညာခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့တို့မှ လမ်းတံတားခင်းကျင်းထားရှိမှုအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။

ဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်ချုပ်မှူးကြီး မိုးမင်းနိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အများပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)