မိုးညှင်း ဧပြီ ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများအရ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ကြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် ကောင်းမြတ်သောမင်္ဂလာတစ်ပါးဖြစ်သည်ဟူသော ဗုဒ္ဓဒေသနာတရားတော်နှင့်အညီ ဘိုးဘွားမိဘများကို ယခုကဲ့သို့ အရိုအသေပြုကန်တော့ရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက် မိုးညှင်းမြို့ပေါ်ရပ်ကွက်အတွင်းမှ တက်ရောက်လာကြသည့် အဘိုးအဘွားများအား ကန်တော့ကြကာ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ပြန်လည်ဆုပေးခဲ့ပြီး အဘိုးအဘွားများအား ကန်တော့ငွေနှင့် ကန်တော့ခံပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် မိုးညှင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အို အဘိုး(၁၁)ဦး၊ အဘွား(၉)ဦး စုစုပေါင်း (၂၀)ဦးအတွက် တစ်ဦးလျှင် တန်ဖိုးငွေကျပ် (၅၃၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၆၀၀၀၀ိ/-)အား ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း