ကော့သောင်း ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးနှင့်ညီညွှတ်သောလူနေမှုပုံစံဖြင့် နေထိုင်၊ ပြုမူ၊ စားသောက်နည်းကျန်းမာရေးအသိပညာပေးသင်တန်း သင်ကြားပေးမှုကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ အ.ထ.က(ခွဲ) အ.လ.က -၂ ကျောင်း သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံမှဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ယူရေးဆွဲထားသော ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံဖြင့် နေထိုင်၊ ပြုမူ၊ စားသောက်နည်း ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း သင်ရိုး များကို PowerPoint ဖြင့် ချပြရှင်းလင်းသင်ကြားပေးပြီး ယနေ့ပထမနေ့သင်တန်းသို့ မြို့ပေါ် ကျောင်းများမှ မူ၊ လယ်၊ ထက်အဆင့် ကျောင်းသား၊ကျောင်းသူ (၁၂၈)ဦးတက်ရောက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ healthy life style သင်ကြားမှုများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးစီးဆောင်ရွက်မှုဖြင့် မြို့များအလိုက် တစ်ရက်လျှင် သင်ကြားချိန် ၂ နာရီဖြင့် ၁ ပတ်လျှင် ၅ ရက်နှုန်းနှင့် (၄)ပတ်တာ သင်ကြားသွားမည်ဖြစ်ပြီး အသက် ၆ နှစ်မှ ၁၃ နှစ်၊ အသက် ၁၃ နှစ်မှ ၁၅ နှစ်၊အသက် ၁၅ နှစ်အထက်ဟူ၍ အုပ်စုခွဲ၍ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)