ချောက်မြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ချောက် ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစ၍ နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို နိုင်ငံတော်အစိုးရကသတ်မှတ်ထားသော အများပြည်သူ့ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊ ​ဧပြီလ ၂၂ ရက်နေ့တွင် အငြိမ်းပင်စင် ထုတ်ယူသူ (၇၂၈) ဦးရှိရာ အငြိမ်းစားဝန်ထမ်း စုစုပေါင်း ပင်စင်ထုတ်ယူမည့်သူ (၃၃၁၃) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရ သည်။

ကျော်မိုး(ပြန်/ဆက်)