ကွန်ဟိန်း ဧပြီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထု စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)