ကရသူရိ ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား/ကလေးငယ်များ အသိပညာဗဟုသုတတိုးပွားရေး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက ကျောင်းသား/ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် စာကြည့်တိုက်သို့လာရောက်ပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်/စာပေများ ဖတ်ရှုခြင်းဖြင့် မိမိတို့၏ ဦးနှောက်များဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုသဖြင့် စာဖတ်ကြရန်လိုအပ်ကြောင်း၊ စာပေများဖတ်ရှုမှသာလျှင် အတွေး အခေါ်အသစ်များရရှိခြင်း၊ ဉာဏ်ပညာထက်မြက်ခြင်းနှင့် လူတော်ကလေးများဖြစ်ပေါ်လာ၌၍ စာအုပ်/စာပေများများ ဖတ်ရှုကြရန်တိုက်တွန်းပြောကြားခဲ့ ကြောင်းသိရသည်။
ကရသူရိ(ပြန်/ဆက်)