သနပ်ပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ မဲပေးလေ့လာခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ မဲပေးလေ့လာခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေပျော်စံပြကျေးရွာနှင့် မူလနေရပ်များသို့ ပြန်လည်ထွက်ခွာမည့် ယာယီခိုလှုံရာစခန်းများမှ အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်၊ ပူတာအိုခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက် ပထမအကြိမ် အခြေခံစားသောက်ကုန်များ လေကြောင်းခရီးစဉ်ဖြင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငွေပျော်စံပြကျေးရွာနှင့် မူလနေရပ်များသို့ ပြန်လည်ထွက်ခွာကြမည့် ယာယီခိုလှုံရာစခန်းများမှ အိမ်ထောင်စုများအား မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ ဂျာမိုင်ကောင်း RC စခန်း၌ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ပစ္စည်းများကို သွားရောက်ပေးအပ်ခဲ့ကြသည်။

အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဗန်းမော်ခရိုင်အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်အောင်စာရင်းများထုတ်ပြန်ကြေညာပေးလျက်ရှိရာကျောင်းသား၊ကျောင်းသူများနှင့်မိဘ၊အုပ်ထိန်းသူများက ဧပြီလ ၂၇ရက် နံနက် ၉ နာရီမှစ၍ ပျော်ရွှင်စွာ လာရောက် ကြည့်ရှုလျက် ရှိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိခန်က တိုင်းဒေသကြီးအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

မြို့နယ်အတွင်းရှိ ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ ဆေးအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ရန်ကုန်မြို့ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

“မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး အမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်နှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏ စီစဉ်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းခန်းမဆောင်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့ပေးအပ်သော (၃)လစာ ဆန်ရိက္ခာ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ သစ်တောနှင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ဒေသတွင်းထွက်ကုန်ပစ္စည်းများနှင့် ဒေသထွက်စားသောက်ကုန်များ ခင်းကျင်းပြသနိုင်ရေးနှင့် MSME အသိပညာပေး Talk Show ကျင်းပပြုလုပ်နိုင်ရေး ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

၂၀၂၄ ခုနှစ်၊ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်များနှင့် MSME အသိပညာပေး Talk Show ကျင်းပပြုလုပ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြပွဲကျင်းပပြုလုပ်မည့် နေရာတွင် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီက ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် MSME လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Subscribe to