မန္တလေး ဧပြီ ၂၇
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ ဆေးအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန့်ဇင်လင်းနှင့် တာဝန်ရှိသူများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ ပူးပေါင်း၍ အောင် မြေသာစံမြို့နယ်၊နန်းရှေ့ရှိ ဒေါနဘွားရပ်ကွက်နှင့် အနှိပ်တော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော နေမျိုး ဆေးဆိုင် (၁)၊ (၂)၊ (၃)၊ ရွှေအိုးဆေးဆိုင်၊ Medicare ဆေးဆိုင်နှင့် မိုးဆန်းပန်းဆေးဆိုင်တို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)