ဗန်းမော် ဧပြီ ၂၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်အောင်စာရင်းများထုတ်ပြန်ကြေညာပေးလျက်ရှိရာကျောင်းသား၊ကျောင်းသူများနှင့်မိဘ၊အုပ်ထိန်းသူများက ဧပြီလ ၂၇ရက် နံနက် ၉ နာရီမှစ၍ ပျော်ရွှင်စွာ လာရောက် ကြည့်ရှုလျက် ရှိကြောင်းသိရသည်။
ဗန်းမော်ခရိုင်အတွင်း အဆိုပါအောင်စာရင်းများထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) (GRADE - 11) အတန်းအထိ စာစစ်ဌာနအခြေခံပညာကျောင်းများတွင် အတန်းလိုက် အောင်စာရင်း များကို ထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာအခြေခံပညာ ကျောင်းများအလိုက် ကြေညာသင်ပုန်း များတွင် ကပ်ထားပေးကြောင်း၊ အတန်းတက်လက်မှတ် များကိုလည်း ထုတ်ပေး လျက်ရှိကြောင်းနှင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်း များမှ KG အတန်းမှစ၍ (သင်ရိုးသစ်) (GRADE - 11) အတန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း(၆၈၆၆၁) ဦးဖြေဆိုခဲ့ရာ (၆၈၆၆၁) ဦး အောင်မြင်ခဲ့ရာ ၁၀၀% အောင်မြင်ခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခရိုင်ပြန်/ဆက်