မောက်မယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ငါ့သရောက်မြို့၌ မီးဘေးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ

ငါ့သရောက်မြို့၌ မီးဘေးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ ငါ့သရောက် ဧပြီ ၂၇ မြို့နယ် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊  စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  ဧပြီလ ၂၄ ရက်နေ့က မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့ မြဘုရင်နို့ချက်စက်ရုံတွင် နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းအသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး နို့ကောက်စခန်းများသို့ ကွင်းဆင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက် မြဘုရင်နို့ချက်စက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်အတွင်း Healthy Life လူငယ်အသိပညာ ပေးသင်တန်းဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူငယ်ကဏ္ဍဆိုင်ရာအသိပညာပေးသင်တန်းကို ဧပြီလ ၂၅ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

၂ဝ၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား/ အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်လှစ်

၂ဝ၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား/ အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

တမူးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ​ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ် (၂၇) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ​ပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့တွင် Mobile Library စနစ်ဖြင့် စာဖတ်ပရိသတ်များလက်ဝယ်အရောက် သုတ/ ရသစာအုပ်စာစောင်များ ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့် စာဖတ်ပရိသတ်များအား Mobile Library စနစ်ဖြင့် လစဉ်ငှားရမ်းပေးလျက်ရှိလာ ယမန်နေ့နံနက်(၁၀)နာရီက တကောင်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား စာအုပ်၊ စာစောင်များ(အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to